အီးမေလ်းအကောင့်ဖွင့်ချိန်ခါ သတိထားရဖို့အချက်တိ

အီးမေလ်းအကောင့်အသစ်တစ်ခု ဖွင့်ဖို့ဗျာယ်ဆိုကေ ကိုယ်စဉ်းစားရဖို့အချက်တိ ဂရုစိုက်ရဖို့အချက်တိကို ပြောပြပါမေ။
(၁) အီးမေလ်းလိပ်စာပီးနည်း
အီးမေလ်းလိပ်စာကို ပီးရေခါ လိုရင်းတိုရှင်း ပီးစော်အကောင်းဆုံးပါ။ ကိုယ့်လိပ်စာကို လူများကိုပြောရေခါ ချက်ချင်းမှတ်မိ ချက်ချင်းနားလည် သဘောပေါက်တေ နာမေမျိုးကို ပီးရပါဖို့။ အီးမေလ်းလိပ်စာကို အရှည်ကြီးပီးစရာမလိုပါ။ (၆)လုံးဆိုကေ ရပါဗျာယ်။ တစ်ခါတစ်လီကိုယ်လိုချင်ရေနာမေမရရေအခါရှိပါဖို့။ ဇာဖြစ်လို့လဲဆိုကေ ယင်းလိပ်စာစော် အရာလူတစ်ယောက်ယူထားပြီးသားဖြစ်တေအတွက်နဲ့ပါ။ ယင်းအတွက်နဲ့ ကိုယ့်နာမေ နောက်မှာ နံပါတ်ဖြစ် ဖြစ် ဒေသဖြစ်ဖြစ် တစ်ခုခုတွဲထည့်ပီးရပါဖို့။ နမူနာပြောရဖို့ဆိုကေဘုတာစိန် နာမေနဲ့ တစ်ယောက်ကရှိပြီးသား စာသင်ခန်းထဲကို အရာ ဘုတာစိန် နာမေနဲ့ အသစ်တစ်ယောက်ရောက်လာခကေ ဆရာမက ဘုတာစိန်(၁)၊ ဘုတာစိန်(၂) ဆိုပြီးကေ ပီးရေသဘောတရားအတိုင်းပါဗျယ်။ ယပီးကေ ကိုယ်ပီးလိုက်တေ အီးမေလ်းလိပ်စာစော် တည်တည်တံ့တံ့ခန့်ခန့်ငြားငြား ဖြစ်ပါစီ။ လုပ်ငန်းအတွက် သုံးဖို့ဆိုကေ လုပ်ငန်းနာမေနဲ့ အီးမေလ်းလိပ်စာ ထားစော်အကောင်းဆုံးပါ။ ဉပမာ - ချင်းပျံကုမ္ပဏီ မှာ အီးမေလ်းလိပ်စာရွီးချယ်သင့်စော်က ချင်းပျံကုမ္ပဏီနာမေပဲ ထားသင့်ပါရေ။ အရာနာမေနောက်တစ်မျိုးထားကေ လူတိုင်းစော် အလွယ်တကူ မှတ်မိချင်မှ မှတ်မိပါဖို့ ကိုယ့်လုပ်ငန်းနာမေဆိုင်းဘိုးကို ဖတ်မိလိုက်စော်နဲ့ ကိုယ့်အီးမေလ်းလိပ်စာကို တန်းသိလားစော် ပိုကောင်းပါရေ။ နောက်တစ်ခုက ကျွန်တော်ရို့နာမေတိကို အင်္ဂလိပ်ပိုင် ပေါင်းရေခါ အယူအဆအမျိုးမျိုးရှိရေအတွက် ယင်းချင့်တိကိုလေ့ သတိထားရှောင်ရဖို့ဖြစ်ပါရေ။ လင်း၊ အောင်၊ မောင်၊ ဦး အစရှိရေ နာမေတိစော် အင်္ဂလိပ်စာလုံးမှာ ကောင်း ရှုပ်တေနာမေတိပါ၊ ယင်းအတွက်နဲ့ ယင်းစာလုံးတိနဲ့ရွီးချယ်ထားခါ ကိုယ့်လိပ်စာကို သူများကို ပြောရေခါ စာလုံးပေါင်းပြဖို့ လိုအပ်ပါလိမ့်မေ။
(၂) Password ထားနည်း
Password ကို မပီးခင် ကိုယ်ပီးချင်ရေ password ကို စာရွက်ထက်မှာ အယင်ချရွီးပါ၊ ဉီးနှောက်ဇာလောက်ပင်ကောင်း တစ်ခါတစ်လီ မိန့်လားတတ်ပါရေ။ Password ကို လူများတိုပြောတိုင်း ကောင်းရှုပ်ချက်ခတ်ပနာ မပီးပါကေ့။ ကိုယ့် password ကိုယ်မိန့်လားပနာ တိုင်ပတ်နိန်ကတ်ပါမေ။ Password ကိုလေ့ လိုရင်းတိုရှင်းပီးပါ။ ရှစ်လုံးဆိုကေရပါဗျယ်။
(၃) ဖုန်းနံပါတ် - အီးမေလ်းအကောင့်သစ်ဖွင့်ခါရေ အီးမေလ်းကို အတည်ပြုဖို့အတွက် ဖုန်းနံပါတ်ပီးရပါရေ။ တစ်ခုသတိထားစော်က ကိုယ့်ပုံမှန်သုံးဖို့ဆိုကေ ကိုယ့်မေလ်းနဲ့ ကိုယ့်ဖုန်းနံပါတ်တွဲထားပါရေ။ လုပ်ငန်းတိနဲ့ ချိတ်ဆက်လို့သုံးဖို့ဆိုကေတော့ကိုယ့်ဖုန်းနဲ့ ကိုယ့်မေလ်းကို တွဲမထားသင့်ပါ။ သီးသန့်ခွဲထားသင့်ပါရေ။ ကိုယ့်စာရင်းပီးလိုက်တေဖုန်းနံပါတ်ကို ကိုယ်မှတ်ထားရပါဖို့။ Password တိမိန့်လားလို့ ပြန်လုပ်တေခါ အသုံးဝင်လို့ပါ။ ကိုယ်စာရင်းသွင်းထားရေ ဖုန်းနံပါတ် ပျောက်လားစော်ဖြစ်ဖြစ် အလုပ်မလုပ်ဆိုစော်နဲ့ ဖုန်းနောက်တစ်လုံးချက်ချင်းအစားထိုးရပါဖို့။
(၄) Recovery Mail
ဖုန်းနံပါတ်စာရင်းမသွင်းထားရေ ကိုယ့်အီးမေလ်းလိပ်စာကို ကိုယ်password မိန့်လားလို့ ပြန်ယူဖို့ခါ အသုံးဝင်ပါရေ။ ကိုယ်ပီးလိုက်တေ မေလ်းကို ကိုယ်သိရဖို့ပိုင် မေလ်းပိုင်ရှင်လေ့ အသက်ရှင်နိန်ရပါဖို့ ။ မေလ်းပိုင်ရှင်ချောလခမှန်းသိကေ ကိုယ့်မှာ recovery mail နေရာမှာ အခြားနောက်ထပ် မေလ်းတစ်ခုခုကို ချက်ချင်း စာရင်းသွင်းပီးပါ။
(၅) မွီးနိန့် သက္ကရာဇ် လိပ်စာတိက ကိုယ်အမှန်ထည့်ချင်ကေလေ့ ထည့်ပါ။ အမှားထည့်ချင်ကေလေ့ ထည့်ပါ။ လုပ်ငန်းအတွက် သုံးဖို့ လူတိုင်းနဲ့ ချိတ်ဆက်လို့လုပ်ဖို့ဆိုကေ အမှန်ရာထည့်သင့်ပါရေ။
ဒေနိန့်ခါတော့ ဒေလောက်ပါဗျာယ် . . .
ဆက်လို့ ဆွေး‌နွေးပီးပါမေ . . .
Tun Lin Aung


Comments

Popular posts from this blog

ပုံကောင်းတစ်ပုံရရှိအောင်ကို သင့်ရဲ့ဖုန်းနဲ့ဘယ်လိုရိုက်ကူးမလဲ...

Computer Virus ဆိုစော် . . . .