Posts

ပုံကောင်းတစ်ပုံရရှိအောင်ကို သင့်ရဲ့ဖုန်းနဲ့ဘယ်လိုရိုက်ကူးမလဲ...

Image
မိုးအေးအေးနဲ့ နေလည်းမကောင်းဘူး။ ဒီအတိုင်းနေရတာ ပျင်းလို့ ဖုန်းကင်မရာတွေအတွက် တစ်ဒေါင့်တစ်နေရာက အသုံးဝင်ရင်ကျေနပ်ပါတယ်ဆိုတဲ့ စိတ်ကူးလေးရလို့ ရေးလိုက်တာပါ။ ခုခေတ်မှာ ဖုန်းကင်မရာတွေအရည်အသွေးတွေတိုးတက်လာတာကြောင့် တစ်သိန်းဝန်းကျင်တန် ဖုန်းတစ်လုံးရဲ့ ကင်မရာအရည်အသွေးဟာ တစ်ချို့ Point and Shot Camera နီးပါးလောက်ကို ကောင်းမွန်နေပါပြီ။ ဖုန်းနဲ့ ဓာတ်ပုံရိုက်ကူးကြခြင်းဟာ ရည်ရွယ်ချက်က အမျိုးမျိုးဖြစ်နိုင်ပါတယ်။ တစ်မျိုးက ဖုန်းထဲမှာကြည့်ဖို့နဲ့ လူမှုကွန်ယက်ဆိုက်လိုမျိုးနေရာတွေမှာတင်ဖို့၊ နောက်တစ်မျိုးက ဓာတ်ပုံထုတ်ဖို့ ..။ လုပ်ငန်းသုံးဖို့(ဖုန်းကင်မရာအရည်အသွေးတက်လာတာကြောင့် တစ်ချို့ ရုံးတွေ၊ ဆောက်လုပ်ရေးကုမ္ပဏီတွေမှာ အလွန်တရာအရေးမကြီးတဲ့ ပုံတွေကို ဖုန်းနဲ့ ရိုက်ကူးမှတ်တမ်းတင်ပြီး ရုံးကိစ္စအလို့ငှာ အသုံးပြုကြပါတယ်။) ။ အွန်လိုင်းပေါ်တင်ဖို့နဲ့ မိမိဖုန်းထဲမှာ သိမ်းထား ဖို့အတွက် ဓာတ်ပုံက ဘယ်လိုပင်ဖြစ်ပစေ အဆင်ပြေပါတယ်။။ ဖုန်းကင်မရာနဲ့ ပုံထုတ်မှာပဲဖြစ်ဖြစ် လုပ်ငန်းတွေမှာပဲဖြစ်ဖြစ် သုံးမယ်ဆိုရင် တစ်ချို့ နည်းလေးတွေကို လိုက်နာဖို့ လိုအပ်ပါလိမ့်မယ်။ (၁) အချက် = သင့်ဖုန်းရဲ့ မှန်ဘီလူးမျက်နှာပြင...

ကွန်ပျူတာနဲ့ပတ်သတ်သမျှ အခြေခံသိထားရဖို့အချက်ချေတိ

Image
ဒေတစ်ပါတ်အခါ ကွန်ပျူတာဗိုင်းရပ်စ်အကြောင်းကို ဆက်လို့ဆွေးနွေးပီးဖို့လို့ လုပ်ထားခါမှ ကိုယ့်မှာက ဗိုင်းရပ်နဲ့ပတ်သက်လို့ နမူနာပြစရာမရှိခါ ကွန်ပျူတာအသုံးချ ပရိုဂရမ်အပိုင်း (Application) လေ့လာနိန်ရေ လူတိအတွက် အတွေးအခေါ်အယူအဆပိုင်းချေနဲ့ စာစကေရွီးလိုက်ပါမေ။ ကွန်ပျူတာသင်တန်းကို စတက်စော်နဲ့ သင်ရစော်က Windows အပိုင်းနဲ့ စာစီစာရိုက်အပိုင်းကိုသင်တန်းတက်ရပါရေ။ Windows အပိုင်းတိမှာ ကွန်ပျူတာပိုင်းဆိုင်ရာ အသုံးအနှုန်းချေတိကိုစသင်ရပါရေ။ ဒေနိန်ရာမှာ ပြောချင်စော်က ယင်းအသုံးအနှုန်းစော် ယင်းနေရာတစ်ခုတည်းအတွက် ယင်းအချိန်တစ်ခုတည်းအတွက်မဟုတ်ပါ။ ကိုယ်ကွန်ပျူတာကိုင်နိန်သရွိ အမြဲတမ်းလက်ပွန်းတတီးရှိနိန်ရဖို့အသုံးအနှုန်းတိပါ။ ပြောရဖို့ဆိုကေ Desktop, TaskBar, Star Menu, Document, My Computer, C: , D:, Folder, File, Icon စရေပေါ့လေ။ ယင်းအသုံးအနှုန်းချေတိကို ကိုယ်က သိအောင်လုပ်ထားရဖို့။ အိပ်မောစုံထဖြစ်နိန်တောင် mouse ကို ကိုင်လိုက်စော်နဲ့ ယင်းနေရာတိကိုလားဖို့အော်တိုမတ်တပ် သိနိန်ရဖို့။ ဇာဖြစ်လို့လဲဆိုကေ ကိုယ်အလုပ်လုပ်တေ ဖိုင်တိ application တိအားလုံးစော် ယင်းနေရာတိနဲ့ပြီးမလွတ်ပါ။ ဖိုင်ဆိုစော်က ဇာ ၊ ဖ...

Computer Virus ဆိုစော် . . . .

Image
          ကွန်ပျူတာဗိုင်းရပ်ဆိုစော် ကွန်ပျူတာ program တစ်ခုရာဖြစ်ပါရေ။ သူကဇာပိုင်အလုပ်လုပ်လေဆိုကေ ကွန်ပျူတာထဲမှာရှိရေ system သို့ application တစ်ခုကို ပုံတူပွားလို့ ကူးစက်ခံရရေ ကွန်ပျူတာထဲမှာ ခိုအောင်းပနာ ကျန်ရေကွန်ပျူတာတိကို ဆက်လို့ဖြန့်ဖို့အတွက် အလုပ်လုပ်ပါရေ။ နမူနာပြောရဖို့ဆိုကေ အဂုလက်ရှိဖြစ်နိန်ရေ Covid-19 ပိုင်သဘောတရားပါ။ ကူးစက်ခံရရေ လူကလေ့ မသိ၊ သူနဲ့ဆက်စပ်တေလူတိကလေ့ မသိခါ ပိုးကူးစက်ပြန့်လားရေပိုင်။ ကွန်ပျူတာမှာလေ့ ယပိုင်ပါဗျယ်။ အသုံးပြုရေလူက ကိုယ့်ကွန်ပျူတာမှာ ကူးစက်ခံလိုက်ရစော်ကို မသိလိုက်ပဲ အခြားကွန်ပျူတာတိနဲ့ ချိတ်ဆက်မိစော်ကတဆင့် တစ်လုံးကနှစ်လုံး၊ နှစ်လုံးက သုံးလုံး စသဖြင့်ပြန့်လားတတ်ပါရေ     ယကေ . . . ကွန်ပျူတာ ဗိုင်းရပ်ဆိုစော်ဇာကနိန်ဝင်လေဆိုကေ။ အကြမ်းပြောရဖို့ဆိုကေ လမ်းသုံးလမ်းရှိပါရေ။           အင်တာနက်ကနိန်တဆင့် ၊ Flash memory device တဆင့်၊ အင်တာနက်ချိတ်မထားရေ နတ်ဝက်(local Network) တဆင့် ကူးစက်တတ်ပါရေ။      ယကေလေ့ ဖြန့်ဝီစော်မှာတော့ Flash memory က အဓိက တရားခံပါ။ ကိုယ့်က...

ခြူခြိခြူခြာ ဒုက္ခပီးရေ ကွန်ပျူတာဗိုင်းရပ်စ်အကြောင်း . .

Image
ဒေနိန့်ဆိုင်မှာထိုင်နိန်ယင်းနဲ့ အာဂန္တူတတိုင်ရောက်ပါလတ်တေ။ မျက်နှာချေတိ သုန်မှုန်လို့။ သူ့ကွန်ပျူတာ ဗိုင်းရပ်စ်ကိုက်လားဆိုဝါ။ ယေဇုနန့် သူ့ကွန်ပျူတာကို လုပ်စရာရှိစော်လုပ်ပီးလိုက်ယင်း ကွန်ပျူတာ ဗိုင်းရပ်အကြောင်း ကို facebook ထက်မှာ ဆွေးနွေးပီးဖို့စော်ကို သတိရလားရေ။ နည်းပညာခေတ်ကို ဒုံးပျံစီးလို့လားနိန်ကတ်တေခေတ်မှာ ကွန်ပျူတာနဲ့ပတ်သက်လို့ အားလုံးကိုသိစရာမလိုကေလေ့ ဆောင်ဖို့ ရှောင်ဖိ ု့ အချက်ချေတိကိုသိရပါဖို့။ ယေနန့် လာဖို့တစ်ပါတ်မှာ ဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ကြိုတင်ကာကွယ်နည်းအတွက် ဆောင်ဖို့နည်းတိ၊ ရှောင်ဖို့နည်းတိ၊ ဝင်လခကေ ဇာပိုင်ပြန်ကုဖို့လဲဆိုစော်ကို ဆွေး‌နွေးပီးလားဖို့ဖြစ်ပါရေ။ (လွန်ခရေ 2003 2004 လောက်က ကွန်ပျူတာဂျာနယ်မှာ ကျွန်တော်ရီးခရေ Flashy Virus အကြောင်း ဆောင်းပါးကို ပြန်ရှာကြည့်လိုက်ပါမေ။ ရကေ ယင်းဆောင်းပါးကိုပြန်တင်ပီးပါမေ။ မရကေ အဂု New Normal version ပြန်တင်ပီးပါမေ) Tun Lin Aung

အီးမေလ်းအကောင့်ဖွင့်ချိန်ခါ သတိထားရဖို့အချက်တိ

Image
အီးမေလ်းအကောင့်အသစ်တစ်ခု ဖွင့်ဖို့ဗျာယ်ဆိုကေ ကိုယ်စဉ်းစားရဖို့အချက်တိ ဂရုစိုက်ရဖို့အချက်တိကို ပြောပြပါမေ။ (၁) အီးမေလ်းလိပ်စာပီးနည်း အီးမေလ်းလိပ်စာကို ပီးရေခါ လိုရင်းတိုရှင်း ပီးစော်အကောင်းဆုံးပါ။ ကိုယ့်လိပ်စာကို လူများကိုပြောရေခါ ချက်ချင်းမှတ်မိ ချက်ချင်းနားလည် သဘောပေါက်တေ နာမေမျိုးကို ပီးရပါဖို့။ အီးမေလ်းလိပ်စာကို အရှည်ကြီးပီးစရာမလိုပါ။ (၆)လုံးဆိုကေ ရပါဗျာယ်။ တစ်ခါတစ်လီကိုယ်လိုချင်ရေနာမေမရရေအခါရှိပါဖို့။ ဇာဖြစ်လို့လဲဆိုကေ ယင်းလိပ်စာစော် အရာလူတစ်ယောက်ယူထားပြီးသားဖြစ်တေအတွက်နဲ့ပါ။ ယင်းအတွက်နဲ့ ကိုယ့်နာမေ နောက်မှာ နံပါတ်ဖြစ် ဖြစ် ဒေသဖြစ်ဖြစ် တစ်ခုခုတွဲထည့်ပီးရပါဖို့။ နမူနာပြောရဖို့ဆိုကေဘုတာစိန် နာမေနဲ့ တစ်ယောက်ကရှိပြီးသား စာသင်ခန်းထဲကို အရာ ဘုတာစိန် နာမေနဲ့ အသစ်တစ်ယောက်ရောက်လာခကေ ဆရာမက ဘုတာစိန်(၁)၊ ဘုတာစိန်(၂) ဆိုပြီးကေ ပီးရေသဘောတရားအတိုင်းပါဗျယ်။ ယပီးကေ ကိုယ်ပီးလိုက်တေ အီးမေလ်းလိပ်စာစော် တည်တည်တံ့တံ့ခန့်ခန့်ငြားငြား ဖြစ်ပါစီ။ လုပ်ငန်းအတွက် သုံးဖို့ဆိုကေ လုပ်ငန်းနာမေနဲ့ အီးမေလ်းလိပ်စာ ထားစော်အကောင်းဆုံးပါ။ ဉပမာ - ချင်းပျံကုမ္ပဏီ မှာ အီးမေလ်းလိပ်စာရွီးချယ်သင့်စော်က ချင်...

Email အကြောင်း တစ်ဖေ့ချေ ဆွေး‌နွေးပီးပါမေ

Image
အီးမေလ်းဆိုစော် ... Electronic Mail ကို ဆိုလိုထားစော်ဖြစ်ပါရေ။ အင်တာနက်ကို အသုံးပြုပနာ Electronic Device အချင်းချင်း စာပို့ရေ စနစ်ကို ခေါ်ဆိုခြင်းဖြစ်ပါရေ။ အဂုခေတ်မှာ အသုံးပြုနိန်ကတ်တေ Social Media platform တိကလေ့ စာပို့လို့ရရေအတွက်နဲ့ အီးမေလ်းအကြောင်းကို သိဖို့မလိုအပ်လို့ မတွေးပါကေ့။ ဇာဖြစ်လို့လည်းဆိုကေ အီးမေလ်းကို Official mailing စနစ်အဖြစ်ရာ လုပ်ငန်းတိမှာ အသုံးပြုကတ်လို့ဖြစ်ပါရေ။ ယပြီးကေ အီးမေလ်း တစ်ခုရှိခကေ အင်တာနက်ထက်မှာ အွန်လိုင်းချိတ်ဆက်ဆောင်ရွက်မှုတိလုပ်တေအခါ အများကြီးအသုံးဝင်ပါရေ။ အီးမေလ်းအကြောင်းကို သိဖို့ဆိုကေ အီးမေလ်းလိပ်စာကနိန် စလို့ လေ့လာကတ်ပါမေ။ အီးမေလ်း လိပ်စာမှာ အပိုင်း သုံးပိုင်းပါဝင်ပါရေ။ နမူနာ မေလ်းလိပ်စာတစ်ခု ပြပါမယ် matharoo@sample.net 1= matharoo(မသာဦး) ဆိုစော် User Name (အသုံးပြုလူနာမေ) user name ကို ထားရေအခါ တစ်ဆက်တည်းရီးရပါရေ။ space မချန်ရပါ။ dot(.) သုံးလို့ရပါရေ။ နံပါတ်သုံးလို့ရပါရေ။ 2=@ (at)ကိုရီးထားစော်ပါ။ email sign (အီးမေလ်းလက္ခဏာ) 3= sample.net (domain name /website name) အီးမေလ်းဝန်ဆောင်မှုပီးထားရေး ကုမ္ပဏီအဖွဲ့အစည်း၏ အင်တာနက်လိပ်စာကို...