Email အကြောင်း တစ်ဖေ့ချေ ဆွေးနွေးပီးပါမေ
အီးမေလ်းဆိုစော် ... Electronic Mail ကို ဆိုလိုထားစော်ဖြစ်ပါရေ။
အင်တာနက်ကို အသုံးပြုပနာ Electronic Device အချင်းချင်း စာပို့ရေ စနစ်ကို
ခေါ်ဆိုခြင်းဖြစ်ပါရေ။ အဂုခေတ်မှာ အသုံးပြုနိန်ကတ်တေ Social Media platform
တိကလေ့ စာပို့လို့ရရေအတွက်နဲ့ အီးမေလ်းအကြောင်းကို သိဖို့မလိုအပ်လို့
မတွေးပါကေ့။ ဇာဖြစ်လို့လည်းဆိုကေ အီးမေလ်းကို Official mailing စနစ်အဖြစ်ရာ
လုပ်ငန်းတိမှာ အသုံးပြုကတ်လို့ဖြစ်ပါရေ။ ယပြီးကေ အီးမေလ်း တစ်ခုရှိခကေ
အင်တာနက်ထက်မှာ အွန်လိုင်းချိတ်ဆက်ဆောင်ရွက်မှုတိလုပ်တေအခါ
အများကြီးအသုံးဝင်ပါရေ။ အီးမေလ်းအကြောင်းကို သိဖို့ဆိုကေ
အီးမေလ်းလိပ်စာကနိန် စလို့ လေ့လာကတ်ပါမေ။
အီးမေလ်း လိပ်စာမှာ အပိုင်း သုံးပိုင်းပါဝင်ပါရေ။ နမူနာ မေလ်းလိပ်စာတစ်ခု ပြပါမယ်
matharoo@sample.net
1= matharoo(မသာဦး) ဆိုစော် User Name (အသုံးပြုလူနာမေ)
user name ကို ထားရေအခါ တစ်ဆက်တည်းရီးရပါရေ။ space မချန်ရပါ။ dot(.) သုံးလို့ရပါရေ။ နံပါတ်သုံးလို့ရပါရေ။
2=@ (at)ကိုရီးထားစော်ပါ။ email sign (အီးမေလ်းလက္ခဏာ)
3=sample.net (domain name /website name) အီးမေလ်းဝန်ဆောင်မှုပီးထားရေး ကုမ္ပဏီအဖွဲ့အစည်း၏ အင်တာနက်လိပ်စာကို ဆိုလိုထားစော်ပါ။
အီးမေလ်းလိပ်စာကို ရီးရေခါ တစ်ဆက်တည်းရီးရပါဖို့။
စာလုံးအကြီးအငယ် တစ်ခုလေ့ မဖြစ်ပါ။ စာမမှားကေ ရပါဗျယ်။
အီးမေလ်းလိပ်စာအကြောင်းသိခကေ
အီးမေလ်းလိပ်စာနမူနာအချို့ကို ရီးပြပါမေ
matharoo@fa.com.mm (မသာဉီး)
butersein@lonely.net (ဘုတာစိန်)
matharoo.123@gmail.com (မသာဉီး.123)
machay@apyogyi-globel.org (မချေ)
အီးမေလ်းအမျိုးအစားပေါ်မှာမူတည်လို့ domain name က တစ်တိုင်နဲ့
တစ်တိုင်မတူ ဆိုစော်ကို သတိထားပါ။ domain name မတူကေလေ့ တစ်ယောက်ယောက်နဲ့
တစ်ယောက် ဆက်သွယ်လို့ရပါရေ။ စာပို့လို့ရပါရေ။ ယင်းအတွက်နဲ့ အီးမေလ်းကို
Official သုံးရရေ အကြောင်းအရင်းတစ်ခုပါ။
အီးမေလ်းအမျိုးအစားအကြောင်းကို ဆက်ပြောပါမေ။
ကမ္ဘာမှာ သုံးနိန်ကတ်တေ အီးမေလ်းအမျိုးအစားတိ မကန်ရှိပါရေ။ ယင်းအထဲကမှာ
လူသုံးအများဆုံးဖြစ်တေ gmail အကြောင်းကို ဆက်ပြောပါမေ . .
.နောက်တစ်ပိုင်းမှာ . . . .
Tun Lin Aung


Comments
Post a Comment