ခြူခြိခြူခြာ ဒုက္ခပီးရေ ကွန်ပျူတာဗိုင်းရပ်စ်အကြောင်း . .
ဒေနိန့်ဆိုင်မှာထိုင်နိန်ယင်းနဲ့ အာဂန္တူတတိုင်ရောက်ပါလတ်တေ။ မျက်နှာချေတိ
သုန်မှုန်လို့။ သူ့ကွန်ပျူတာ ဗိုင်းရပ်စ်ကိုက်လားဆိုဝါ။ ယေဇုနန့်
သူ့ကွန်ပျူတာကို လုပ်စရာရှိစော်လုပ်ပီးလိုက်ယင်း ကွန်ပျူတာ
ဗိုင်းရပ်အကြောင်း ကို facebook ထက်မှာ ဆွေးနွေးပီးဖို့စော်ကို သတိရလားရေ။
နည်းပညာခေတ်ကို ဒုံးပျံစီးလို့လားနိန်ကတ်တေခေတ်မှာ ကွန်ပျူတာနဲ့ပတ်သက်လို့ အားလုံးကိုသိစရာမလိုကေလေ့ ဆောင်ဖို့ ရှောင်ဖို့
အချက်ချေတိကိုသိရပါဖို့။ ယေနန့် လာဖို့တစ်ပါတ်မှာ
ဗိုင်းရပ်စ်နဲ့ပတ်သက်လို့ ကြိုတင်ကာကွယ်နည်းအတွက် ဆောင်ဖို့နည်းတိ၊
ရှောင်ဖို့နည်းတိ၊ ဝင်လခကေ ဇာပိုင်ပြန်ကုဖို့လဲဆိုစော်ကို
ဆွေးနွေးပီးလားဖို့ဖြစ်ပါရေ။
(လွန်ခရေ 2003 2004 လောက်က
ကွန်ပျူတာဂျာနယ်မှာ ကျွန်တော်ရီးခရေ Flashy Virus အကြောင်း ဆောင်းပါးကို
ပြန်ရှာကြည့်လိုက်ပါမေ။ ရကေ ယင်းဆောင်းပါးကိုပြန်တင်ပီးပါမေ။ မရကေ အဂု New
Normal version ပြန်တင်ပီးပါမေ)
Tun Lin Aung

Comments
Post a Comment