ကွန်ပျူတာနဲ့ပတ်သတ်သမျှ အခြေခံသိထားရဖို့အချက်ချေတိ
ဒေတစ်ပါတ်အခါ
ကွန်ပျူတာဗိုင်းရပ်စ်အကြောင်းကို ဆက်လို့ဆွေးနွေးပီးဖို့လို့ လုပ်ထားခါမှ
ကိုယ့်မှာက ဗိုင်းရပ်နဲ့ပတ်သက်လို့ နမူနာပြစရာမရှိခါ ကွန်ပျူတာအသုံးချ
ပရိုဂရမ်အပိုင်း (Application) လေ့လာနိန်ရေ လူတိအတွက်
အတွေးအခေါ်အယူအဆပိုင်းချေနဲ့ စာစကေရွီးလိုက်ပါမေ။
ကွန်ပျူတာသင်တန်းကို
စတက်စော်နဲ့ သင်ရစော်က Windows အပိုင်းနဲ့
စာစီစာရိုက်အပိုင်းကိုသင်တန်းတက်ရပါရေ။ Windows အပိုင်းတိမှာ
ကွန်ပျူတာပိုင်းဆိုင်ရာ အသုံးအနှုန်းချေတိကိုစသင်ရပါရေ။ ဒေနိန်ရာမှာ
ပြောချင်စော်က ယင်းအသုံးအနှုန်းစော် ယင်းနေရာတစ်ခုတည်းအတွက်
ယင်းအချိန်တစ်ခုတည်းအတွက်မဟုတ်ပါ။ ကိုယ်ကွန်ပျူတာကိုင်နိန်သရွိ
အမြဲတမ်းလက်ပွန်းတတီးရှိနိန်ရဖို့အသုံးအနှုန်းတိပါ။
ပြောရဖို့ဆိုကေ
Desktop, TaskBar, Star Menu, Document, My Computer, C: , D:, Folder,
File, Icon စရေပေါ့လေ။ ယင်းအသုံးအနှုန်းချေတိကို ကိုယ်က
သိအောင်လုပ်ထားရဖို့။ အိပ်မောစုံထဖြစ်နိန်တောင် mouse ကို
ကိုင်လိုက်စော်နဲ့ ယင်းနေရာတိကိုလားဖို့အော်တိုမတ်တပ် သိနိန်ရဖို့။
ဇာဖြစ်လို့လဲဆိုကေ ကိုယ်အလုပ်လုပ်တေ ဖိုင်တိ application တိအားလုံးစော်
ယင်းနေရာတိနဲ့ပြီးမလွတ်ပါ။ ဖိုင်ဆိုစော်က ဇာ ၊ ဖိုလ်ဒါဆိုစော်က ဇာ၊ C:
ဆိုစော်က ဇာ, D: ဆိုစော်က ဇာ ဆိုစော်ကို သိရပါဖို့။ ဇာဖြစ်လို့လဲဆိုကေ
ကွန်ပျူတာဆိုစော် လူတိဖန်တီးထားရေ နည်းပညာပစ္စည်းတစ်ခုဖြစ်တေအတွက် လူတိကလေ့
အပြင်ကစနစ်ကို မှီ ပနာ လေ့လာပနာ ကွန်ပျူတာမှာ
ဒီဇိုင်းဖွဲ့တည်ဆောက်ထားစော်ဖြစ်ပါရေ။ ဉပမာပြောရဖို့ဆိုကေ
အသုံးအဆောင်တိကို အန်ဒမာရီ၊ ဗီဒရိုတိမှာသိမ်းပိုင် ကွန်ပျူတာမှာလေ့
အသုံးအဆောင်တိဖြစ်တေ ဖိုင်တိကို folder တိမှာသိမ်းရပါရေ။ ပြောရဖို့ဆိုကေ
ဖိုင်တိစော် ကွန်တော်ရို့အသုံးအဆောင်ပစ္စည်းတိဖြစ်ပါရေ။ အင်္ကျီ၊ ဘောင်းဘီ၊
ထမင်းအိုး စသဖြင့် ဘာညာကွိကွပါ့ယေ၊ ကွန်ပျူတာအဆိုအရဆိုကေ Word
နဲ့ရိုက်ထားရေဖိုင်, Excel နဲ့ရိုက်ထားရေဖိုင်, ဓာတ်ပုံ ပါ့ယေ၊
ယင်းချင့်တိကို သိမ်းချင်ကေ ဖိုလ်ဒါထဲတိမှာ သိမ်းလို့ရပါရေ၊ သိမ်းရေခါလေ့
စနစ်ကျဖို့တော့လိုပါရေ။ အန်ဒမာရီမှာ ဝက်ကိန်းချူးနဲ့ ဘောင်းဘီကိုထည့်ထားကေ၊
အဝတ်ဗီဒရိုမှာ လောင်ဗွန်း ဟင်းဇားနဲ့
စိုင်းသီတုန်းကိုရောရွန်းသောပြောင်းထည့်ထားကေ ကိုယ်အလိုရှိလို့ရှာခါ
မွိန့်ပါလားလီပါဖို့။ ကိုယ့်အမျိုးအစားနဲ့ကိုယ် လိုက်လို့ထည့်ရပါဖို့။
ကွန်ပျူတာမှာယေ့ ယပိုင်ပါယေ၊ ကိုယ်လုပ်တေဖိုင်ချေအမျိုးအစားတူစော်ချေတိကို
တစ်စု တစ်စုစီစုလို့ ထည့်ပီးကေ ကိုယ်ရှာခါ အလွယ်ရပါရေ။ (နောက်ခါ
ကိုယ်မျက်စိမှိတ်ပနာ ရှာလေ့ရခါ တစ်မျိုးပါ့ယေ)
နောက်တစ်ခု
ဖိုင်တိသိမ်းခါ သင့်တင့်လျောက်ပတ်တေ နာမေပီးလို့ သိမ်းပါ။ ဉပမာ -
ဘုတာစိန်ဘားကို ရည်းစားစာရီးရေဖိုင်ဆိုကေ ချစ်ဘုချေဘားသို့ပီးရေစာ
ဘာညာကွိကွပါမလားယေ။ ဇာဖိုင်ကိုဇာပိုင် ပီးရဖို့လဲဆိုစော်ကိုတော့
ကိုယ့်ရဲ့အတွေးအခေါ် အယူအဆနဲ့လေ့ဆိုင်ပါရေ။ ကိုယ်က Mg Mg CV
ပုံစံတစ်ခုရိုက်ထားယင့် ဖိုင်ပီးလိုက်တေခါ Text_001 လို့ မှတ်လိုက်တေ။
အချိန်ကြာလို့ နောက်တစ်ခါ ရှာဖို့လုပ်ခါ ကိုယ်ပီးလိုက်တေ
နာမေမိန့်လားယာဆိုကေ ဂျွန်းပြန်လီပါဖိယေ၊ Mg MG CV ပုံစံရိုက်ကေ Mg Mg CV
(Date) ကိုထည့်ရီးကေ ပိုကောင်းပါရေ။
အရာနောက်တစ်ခုက ကိုယ်က Word
တစ်ခုရာသင်ဖူးရေ ဆိုပါဖိ။ ကိုယ်ကိုင်ရေစက်မှာ စာရိုက်ဖို့လုပ်တေခါ Word
မပါဆိုကေ ကိုယ်မတတ်လို့မယူဆပါကေ့။ ကွန်ပျူတာမှာ စာရိုက်လို့ရရေ Program တိ
အော်တိုပါပါရေ။ ဉပမာ - WordPad ပုံစံမျိုးတိ၊ ယပီးကေ Word မရှိ Page Maker,
Indesign ရာရှိရေဆိုကေလေ့ စာချေတစ်စောင်ရိုက်ဖို့အတွက် လွယ်ပါရေ။
ဇာဖြစ်လို့လေ့ဆိုကေ ကွန်ပျူတာမှာက Program နာမေရာကွဲစော် အသုံးအနှုန်းချေတိ
အတူတူပါဗျာယ်။ Command တိလေ့ အတူတူပါဗျယ်။ တစ်ခါတစ်လီ
နာမေစကေကွဲစော်ချေလောက်ရာ။ အင်္ဂလိပ်နဲ့ အမေရိကန်ကွဲပိုင်ယေ။ ယပီးကေ
ကွန်ပျူတာမှာ သုံးနှုန်းထားရေ အင်္ဂလိပ်စာတိစော် ကောင်းလွယ်ရေ
အသုံးအနှုန်းတိပါ။ ကိုယ်မသိကေ ကိုယ်ဖွင့်ထားရေ Program က Menu မှာပါရေ
စာချေတိကိုဖတ်ပနာ လုပ်ကြည့်။ လုပ်စခါ ကြာပါလိမ့်မေ။ နောက်ခါဆိုကေ
ဒုံးပျံပိုင် ယင်လိပါလိမ့်မေ။ နောက်ထပ်အရေးကြီးရေအချက်က ကိုယ်ကိုင်နိန်ရေ
Keyboard မှာပါရေ ခလုတ်တိအကြောင်းကိုသိရပါဖို့။ တစ်ခါတစ်လီ နံပါတ်တိ
ရိုက်လို့်မရ , ရိုက်လိုက်တိုင်း စာလုံးတိ အမျိုးမျိုးပေါ်နိန်ရေ
ဆိုစော်မျိုးတိ။ ကွန်ပျူတာ သုံးစမှ ကြုံရရေ အခက်အခဲတိပါ။ ကိုယ့် KB
အကြောင်းကို ကိုယ်မသိလို့ ဖြစ်စော်ပါ။ ကိုယ့် KB မှာပါရေ အချက်အလက်ချေတိ၊
Key တစ်ခုနဲ့ တစ်ခုပေါင်းကေ ဇာဖြစ်တေ၊ ငါးခုပေါင်းကေ ဇာဖြစ်တေကအစ
ကိုယ်လေ့လာထားနိုင်ကေ ပိုကောင်းပါရေ။ ကိုယ်ကိုင်ရေခါ Mouse မရှိကေလေ့
အသုံးပြုတတ်အောင်ပါ။ နောက်ဆုံးတစ်ခုအနေနဲ့ဆိုကေ ကိုယ်ကိုင်နိန်ရေ Mouse
အကြောင်းကို ကိုယ်သိရပါဖို့။ Monitor မှာ Mouse
ပျောက်လို့ရှာနိန်ရစော်မဖြစ်ပါစီကေ..။ Mouse ခလုတ်ကို နှိပ်လိုက်စော်နဲ့
ကိုယ်နှိပ်လိုက်စော်နဲ့ ကိုယ်ရလာရေ ရလာဒ်တူယင့်လားဆိုစောကို
ကိုယ်သိနိန်ရပါဖို့။ ရလာဒ်မတူကေ mouse အသစ်ဝယ်ဖို့ အိတ်ထဲမှာ ဖေ့သာရှိမရှိ
စမ်းကြည့်ပါ။ မရှိကေ ဆက်သုံးပါ။ ရှိကေ အသစ်ဝယ်ပါ။
။ အဂုမှ အဂင့်နောက်ဆုံးပြောဖို့ဆိုကေ ကိုယ်သုံးနိန်ရေ ကွန်ပျူတာမှာ
ဇာနားမှာ ဇာရှိလေမသိကေတောင် ကိုယ့် Desktop မှာ ဇာရှိလေဆိုစော်ကို
အလွတ်သိအောင်ကြိးစားပါ။ ယင်းချင့်က တစ်ဆင့်တက်လို့
အခြားနေရာတိကိုသိအောင်ကြိုးစားပါ။ သဘောပြောချင်စော်က လမ်းတစ်လမ်းကို
မသိဘဲနဲ့ သိလို့လားစော်မှာ သိလို့လားရေလူက အယင်ရောက်ပါရေ။
ယင်းချင့်ထက်ပိုယင်စော်က ဖြတ်လမ်းလမ်းကိုသိရေလူက အယင်ရောက်ပါရေ။
ဖြတ်လမ်းကိုသိရေလူထက် နာမေကြားစော်နဲ့ တစ်ခုတောင်လှည့်မကြည့်ဘဲ Target ကို
ဖြတ်လမ်းပါ လမ်းကြောင်းရှင်းရေနေရာကိုပါသိရေလူက ပိုအယင်ရောက်ပါရေ။
စာလေ့ စကေ ရှည်လားပါဗျာယ်. . .. အရာဆက်လို့ ရီးပီးပါအုံးမေ . .
Tun Lin Aung

Comments
Post a Comment