Computer Virus ဆိုစော် . . . .
ကွန်ပျူတာဗိုင်းရပ်ဆိုစော် ကွန်ပျူတာ program တစ်ခုရာဖြစ်ပါရေ။
သူကဇာပိုင်အလုပ်လုပ်လေဆိုကေ ကွန်ပျူတာထဲမှာရှိရေ system သို့ application
တစ်ခုကို ပုံတူပွားလို့ ကူးစက်ခံရရေ ကွန်ပျူတာထဲမှာ ခိုအောင်းပနာ
ကျန်ရေကွန်ပျူတာတိကို ဆက်လို့ဖြန့်ဖို့အတွက် အလုပ်လုပ်ပါရေ။
နမူနာပြောရဖို့ဆိုကေ အဂုလက်ရှိဖြစ်နိန်ရေ Covid-19 ပိုင်သဘောတရားပါ။
ကူးစက်ခံရရေ လူကလေ့ မသိ၊ သူနဲ့ဆက်စပ်တေလူတိကလေ့ မသိခါ
ပိုးကူးစက်ပြန့်လားရေပိုင်။ ကွန်ပျူတာမှာလေ့ ယပိုင်ပါဗျယ်။
အသုံးပြုရေလူက ကိုယ့်ကွန်ပျူတာမှာ ကူးစက်ခံလိုက်ရစော်ကို မသိလိုက်ပဲ
အခြားကွန်ပျူတာတိနဲ့ ချိတ်ဆက်မိစော်ကတဆင့် တစ်လုံးကနှစ်လုံး၊ နှစ်လုံးက
သုံးလုံး စသဖြင့်ပြန့်လားတတ်ပါရေ
ယကေ . . . ကွန်ပျူတာ ဗိုင်းရပ်ဆိုစော်ဇာကနိန်ဝင်လေဆိုကေ။ အကြမ်းပြောရဖို့ဆိုကေ လမ်းသုံးလမ်းရှိပါရေ။
အင်တာနက်ကနိန်တဆင့် ၊ Flash memory device တဆင့်၊ အင်တာနက်ချိတ်မထားရေ နတ်ဝက်(local Network) တဆင့် ကူးစက်တတ်ပါရေ။
ယကေလေ့ ဖြန့်ဝီစော်မှာတော့ Flash memory က အဓိက တရားခံပါ။
ကိုယ့်ကွန်ပျူတာက အင်တာနက်ကနိန် Virus ပိုးကူးစက်ခံလိုက်ရစော်ကို
မသိလိုက်ခါ ကိုယ့်ကွန်ပျူတာကနိန် အခြားကွန်ပျူတာတစ်လုံးကို
ဖိုင်ပြောင်းဖို့အတွက် flash device နဲ့ ပြောင်းခါ ယင်းFlash device ကို
ကူး။ ယင်း flash device က နိန်တဆင့် နောက်ထပ်ချိတ်လိုက်တေ ကွန်ပျူတာကို
ဆက်ကူး၊ ယင်းကွန်ပျူတာကတဆင့် အရာနောက်ထပ်ချိတ်ဆက်တေလူကို ဆက်ကူးနဲ့
ပြန့်လားစော်ဖြစ်ပါရေ။
ယကေ ကွန်ပျူတာဗိုင်းရပ်တိက
ဇာဖြစ်လို့ပေါ်လာစော်လေ ။ အယူအဆတိ အများကြီးကွဲပြားနိုင်ပါရေ။
အရှင်းဆုံးပြောရဖို့ဆိုကေ ကိုယ့်ကွန်ပျူတာမှာရှိရေ အချက်အလက်တိကို
ခိုးဖို့(ဉပမာ - ဘဏ်စာရင်းအချက်အလက်တိ ခိုးပနာ ငွေခိုးဖို့၊ ကုမ္ပဏီက
စာရင်းတိခိုးပနာ အခြားတစ်ခုမှာ လိမ်လို့ ရောင်းချဖို့၊ အီးမေလ်းတိ
ခိုးဖတ်ပနာ ပုဂ္ဂိုလ်ရေးချက်အလက်တိ ဖြန့်ဖို့) ၊ နောက်ပြီးကေ ငွေညစ်ဖို့၊
ဌာနတစ်ခုနဲ့ တစ်ခုအချက်အလက်တိ ကဗြောင်းကဆန်ဖြစ်အောင်လုပ်ဖို့ အတွက်ပါ။
ယင်းအတွက်နဲ့ ကျွန်တော်ရို့စော် ကွန်ပျူတာ ဗိုင်းရပ်စ်အကြောင်းကို
သတိထားဖို့လိုပါရေ။ ဇာဖြစ်လို့လဲဆိုကေ အဂုအချိန်မှာ
လုပ်ငန်းရှင်အင်တိုင်များများ၊ စာသင်ကျောင်းအင်တိုင်များများ နဲ့
ဌာနဆိုင်ရာ အင်တိုင်များများတိက အွန်လိုင်းကို အဆက်မပြတ်သုံးနိန်ကတ်ရပါရေ။
ယင်းအတွက် ကိုယ့်ကွန်ပျူတာကို ဗိုင်းရပ်စော်အချိန်မရွေးဝင်နိုင်စော်ကို
သတိထားဖို့လိုပါရေ။
သာမန်လုပ်နိန်ရေ လုပ်ငန်းတစ်ခုချေအနေနဲ့
မိတ္တူဆိုင်တိမှာတောင် ကူးစက်ခံလိုက်ရခါ ဖိုင်တိပျောက်လားတတ်စော်တိ
ကြုံဖူးကတ်ပါလိမ့်မေ။ ယပြီးကေ နည်းပ့ညာက တစ်ဟုန်ထိုးတိုးတက်နိန်ရေအခါ
အန်တီဗိုင်းရပ်တိ၊ အန်ကယ်ဗိုင်းရပ်တိ တင်ထားကေတောင်မှ ကိုယ့်ကွန်ပျူတာကို
ဇာကနိန်ဝင်မှန်းမသိ ဝင်လားခစော်ကိုကြုံဖူးပါလိမ့်မေ။
ဗိုင်းရပ်ဝင်လားခကေ ဖြေရှင်းရစော် စကေခက်လားပါဗျယ်။ ယင်းအတွက်
မဝင်ရအောင်ကြိုတင်ကာကွယ်ဖို့လိုအပ်ပါရေ။ အန်တီဗိုင်းရပ်၊
အန်ကယ်ဗိုင်းရပ်စ်မတင်ကေလေ့ ကာကွယ်လို့ရရေ နည်းလမ်းချေတိကို
ကွန်တော်ဆက်လို့ ရီးပီးပါမေ။ အဂုတော့ စာရှည်နိန်ဗျာယ်ဖြစ်လို့ တနားချေ
ရီသောက်ဖို့လားလိုက်ပါမေ . .. .။
Tun Lin Aung

Comments
Post a Comment